TypeScript ဆိုတာဘာလဲ ?
Last updated
Last updated
Programming လောကမှာ JavaScript ဆိုတာ အများဆုံးသုံးတဲ့ programming language တစ်ခုဖြစ်လာပါတယ်။ သို့ပေမယ့်လည်း JavaScript ဟာ Dynamic Type Language (loosely typed) တစ်ခုဖြစ်သည့်အတွက် Development လုပ်နေချိန်အတွင်းမှာ ဖြစ်လာနိုင်တဲ့ error တွေကို အလွယ်တကူ ရှာမတွေ့နိုင်ပါဘူး ။
ဒီအတွက် Microsoft ကနေ Typescript ဆိုပြီးတော့ JavaScript ကို အခြေခံပြီး error တွေကို ပိုမိုလွယ်ကူစွာ ရှာဖွေနိုင်ဖို့ အထောက်အကူပေးတဲ့ superset တစ်ခုကို ဖန်တီးလိုက်ပါတယ်။
Typescript မှာ Type-checking တွေကို support လုပ်ပေးနိုင်တဲ့အတွက် Data type တွေကို ကျွန်တော်တို့ Development လုပ်နေစဉ်မှာပဲ အလွယ်တကူ သိရှိနိုင်ပါတယ် ။
TypeScript ကို Support လုပ်တဲ့ IDE တွေရဲ့ နောက်ကွယ်မှာ TypeScript Server ကို Run ထားရင်း Development လုပ်နေတဲ့အချိန်မှာပဲ Feedback တွေကို အချိန်နဲ့ တပြေးညီ ကျွန်တော်တို့က သိရှိနိုင်ပါတယ် ။
သာမန်အရ ကျွန်တော်တို့က (.js) extension JavaScript ဖိုင်တွေကို Browser တွေ နဲ့ NodeJS, Deno တို့လို JavaScript Runtime Environment တွေပေါ် တင်Run နိုင်ပါတယ် ။
ပုံထဲကအတိုင်း TypeScript ဖိုင်ကနေ JavaScript ဖိုင်ကိုပြန်ပြောင်းရပါတယ် ။ ကျွန်တော်တို့ TypeScript CLI နဲ့ Compile လိုက်တဲ့ အခါ JavaScript ဖိုင်အဖြစ် ပြောင်းလဲသွားပြီးမှ Browser တွေနဲ့ Runtime Environment တွေမှာ အသုံးပြုလို့ရမှာပါ ။ ဒီစာအုပ်ထဲမှာ TypeScript ကို အသုံးပြုမယ့် အကြောင်းအရာတွေကို လေ့လာသွားကြရအောင် ... ။