> For the complete documentation index, see [llms.txt](https://lwin-moe-paing.gitbook.io/typescript-baby-by-lwin-moe-paing/llms.txt). Markdown versions of documentation pages are available by appending `.md` to page URLs; this page is available as [Markdown](https://lwin-moe-paing.gitbook.io/typescript-baby-by-lwin-moe-paing/typescript-saotabaale.md).

# TypeScript ဆိုတာဘာလဲ ?

Programming လောကမှာ JavaScript ဆိုတာ အများဆုံးသုံးတဲ့ programming language တစ်ခုဖြစ်လာပါတယ်။ သို့ပေမယ့်လည်း JavaScript ဟာ Dynamic Type Language (loosely typed) တစ်ခုဖြစ်သည့်အတွက် Development လုပ်နေချိန်အတွင်းမှာ ဖြစ်လာနိုင်တဲ့ error တွေကို အလွယ်တကူ ရှာမတွေ့နိုင်ပါဘူး ။&#x20;

ဒီအတွက် Microsoft ကနေ Typescript ဆိုပြီးတော့ JavaScript ကို အခြေခံပြီး error တွေကို ပိုမိုလွယ်ကူစွာ ရှာဖွေနိုင်ဖို့ အထောက်အကူပေးတဲ့ superset တစ်ခုကို ဖန်တီးလိုက်ပါတယ်။

<figure><img src="/files/zJuXUCWzw6YAFiGOiwcm" alt=""><figcaption></figcaption></figure>

Typescript မှာ Type-checking တွေကို support လုပ်ပေးနိုင်တဲ့အတွက် Data type တွေကို ကျွန်တော်တို့ Development လုပ်နေစဉ်မှာပဲ အလွယ်တကူ သိရှိနိုင်ပါတယ် ။ \ <br>

<figure><img src="/files/B6KnIGWJTjICFQNpBMDt" alt=""><figcaption></figcaption></figure>

TypeScript ကို Support လုပ်တဲ့ IDE တွေရဲ့ နောက်ကွယ်မှာ TypeScript Server ကို Run ထားရင်း Development လုပ်နေတဲ့အချိန်မှာပဲ Feedback တွေကို အချိန်နဲ့ တပြေးညီ ကျွန်တော်တို့က သိရှိနိုင်ပါတယ် ။\ <br>

<div align="center" data-full-width="false"><figure><img src="/files/ZUFYsp2QsmDX7W7HBrUy" alt=""><figcaption></figcaption></figure></div>

သာမန်အရ ကျွန်တော်တို့က (.js) extension JavaScript ဖိုင်တွေကို Browser တွေ နဲ့ NodeJS, Deno တို့လို JavaScript Runtime Environment တွေပေါ်   တင်Run နိုင်ပါတယ် ။

<figure><img src="/files/1yt1aUljeC4b8HNqXbFz" alt=""><figcaption></figcaption></figure>

ပုံထဲကအတိုင်း TypeScript ဖိုင်ကနေ JavaScript ဖိုင်ကိုပြန်ပြောင်းရပါတယ် ။ ကျွန်တော်တို့ TypeScript CLI နဲ့ Compile လိုက်တဲ့ အခါ JavaScript ဖိုင်အဖြစ် ပြောင်းလဲသွားပြီးမှ Browser တွေနဲ့ Runtime Environment တွေမှာ အသုံးပြုလို့ရမှာပါ ။ ဒီစာအုပ်ထဲမှာ TypeScript ကို အသုံးပြုမယ့် အကြောင်းအရာတွေကို လေ့လာသွားကြရအောင် ... ။
