TS - as Type Casting

TypeScript ရဲ့ "as" keyword ဟာ Type Assertion (Type Casting) လို့ခေါ်ပါတယ် ။

someVariable as TargetType ရေးသားနည်းနဲ့ ပြောင်းလဲစေချင်တဲ့ Type ကို Modify လုပ်နိုင်ပါတယ် ။

JSON parse နမူနာ Code ကို အရင်ကြည့်ရအောင် ... ။

JSON.parse method က any type ပဲ ပြန်ပေးပါတယ် ။

ဒါကြောင့် responseData ထဲမှာ any ဖြစ်နေမှာပါ ။

သို့ပေ့မယ် မိမိက User Type အနေနဲ့ ပြန်ရမယ်ဆိုတာ ကြိမ်းသေသိနေတဲ့ အခြေအနေမျိုးဖြစ်နေတဲ့အခါ ၊

User Type အနေနဲ့ Type Casting လုပ်လိုက်တာ Type safe ပိုဖြစ်သွားမှာပါ ။

နောက်ပိုင်း user variable ကို သုံးတဲ့အခါ TypeScript Feedback တွေ သေချာရနိုင်သွားမှာပါ ။

များသောအားဖြင့် ဘယ်အခြေအနေတွေမှာ Type Assertion နည်းကို အသုံးများလဲဆိုရင် ၊

unknown type နဲ့ any type ရလာတဲ့ အခါမျိုးတွေမှာ

ကိုယ်ကလည်း ဘယ် Type လဲဆိုတာ သေချာသိနေတဲ့ အခြေအနေမှာ သုံးပါတယ် ။

Last updated