TS - Enum

Enum (Enumeration) ဆိုတာ မပြောင်းလဲနိုင်တဲ့ Constant Data အစုတွေအတွက် လွယ်အောင်လုပ်ပေးထားတဲ့ Type တစ်ခုပါ ။ ပြထားတဲ့ ပုံထဲကအတိုင်း အရင်ဆုံး enum keyword နဲ့ Enum တစ်ခုကို ပြုလုပ်နိုင်ပါတယ် ။ Role မှာ USER ရယ် ADMIN ရယ်ပဲ ရှိတဲ့အတွက် Role Enum တစ်ခုကို လုပ်လိုက်တာပါ ။ အဲ့ဒီ Enum တန်ဖိုးကို ယူချင်တဲ့အခါ variable တစ်ခုထဲကို Role.User ဆိုပြီး ယူလိုက်လို့ရပါတယ် ၊ အလိုအလျောက် သတ်မှတ်ပေးထားတဲ့ တန်ဖိုး 0 ကိုရသွားမှာပါ ။

စာဖတ်သူတို့က Role ထဲကို နောက်ထက် SUPERVISOR နဲ့ SUPERADMIN role ကို ထပ်တိုးကြည့်လိုက်ပြီး console.log နဲ့ မိမိစက်ထဲမှာ အဖြေရှာကြည့်ပါ ။

enum Role {
  USER,
  SUPERVISOR,
  ADMIN,
  SUPERADMIN,
}
const userRole = Role.USER;
console.log(userRole);

အလိုအလျောက် 0 ကနေ အစဉ်လိုက်စီထားတဲ့ တန်ဖိုးတစ်ခုကို ရသွားမှာပဲဖြစ်ပါတယ် ။ လက်တွေ့မှာ ကိုယ်သတ်မှတ်ချင်တဲ့ တန်ဖိုးကိုပဲ အသုံးပြုကြတာများတယ် ။ ဒီ့အတွက် အောက်က Code အတိုင်း ကိုယ်ပိုင် တန်ဖိုးတွေ ထည့်သွင်းလုပ်ဆောင်နိုင်ပါတယ် ။

သတ်မှတ်ထားတဲ့ တန်ဖိုးကို = နဲ့ Assign လုပ်ပြီး ကိုယ်ပိုင်တန်ဖိုးတွေကို အသုံးပြုလို့ရပါတယ် ။

enum Permission {
  CREATE = "CREATE",
  READ = "READ",
  UPDATE = "UPDATE",
  DELETE = "DELETE",
}
const readPermission = Permission.READ;
console.log(readPermission);

ဒီလိုနည်းနဲ့ Enum ကို အသုံးပြုပြီး Constant Data အစုအဖွဲ့ အဖြစ်အသုံးပြုကြလေ့ရှိပါတယ် ။

စာရေးသူကိုယ်တိုင်ကတော့ Enum Type ကို သိပ်သုံးလေ့သုံးထမရှိပါဘူး ။

Last updated