TS - Never

let neverData : never; ရေးသားနည်းနဲ့ never Type တွေကို သတ်မှတ် လို့ရပါတယ် ။

ထူးခြားတာက Never Type ထဲကို ဘယ်တန်ဖိုး အမျိုးအစားမှ Assign လုပ်လို့တော့မရပါဘူး ။

ဒါဆို Assign လို့လည်းမရဘဲ ဘာလို့ never type ကို လေ့လာနေရတာတုန်းလို့ ပြောစရာရှိလာပြီ ။ ကျွန်တော်တို့ကိုယ်တိုင် Assign မလုပ်ပေမယ့်လည်း အခြား အခြေအနေတွေမှာ never type တွေကို တွေ့လာနိုင်ပါတယ် ။ ဥပမာ Error Throw လိုက်တဲ့ Function ရဲ့ Return Value Type က never ဖြစ်ပါတယ် ။

ဘယ်တော့ မှ မပြီးဆုံးနိုင်တဲ့ while loop ကို true conditional ထည့်လိုက်တဲ့ function မျိုးမှာလည်း never type ကိုရရှိလာနိုင်ပါတယ် ။

နောက်ဆုံးတစ်ခုကတော့ Switch နဲ့ စစ်တဲ့အခါ default scope ရောက်တဲ့အခါ စစ်လိုက်တဲ့ Data က never type အဖြစ် Type Cast ဖြစ်သွားတာမျိုးကို တွေ့ရမှာပါ ။

Last updated