> For the complete documentation index, see [llms.txt](https://lwin-moe-paing.gitbook.io/typescript-baby-by-lwin-moe-paing/llms.txt). Markdown versions of documentation pages are available by appending `.md` to page URLs; this page is available as [Markdown](https://lwin-moe-paing.gitbook.io/typescript-baby-by-lwin-moe-paing/basic-typescript/ts-readonly.md).

# TS - readonly

<figure><img src="/files/f1CN1PVh1miZI1RCpbL4" alt=""><figcaption></figcaption></figure>

TypeScript မှာ `readonly` ဟာ property (သို့) array ကို read-only (ဖတ်လို့ရပဲရအောင်) သတ်မှတ်နိုင်တဲ့ `keyword` ဖြစ်ပါတယ် ။ မှားယွင်းပြီး ထည့်မိတာမျိုး ပြောင်းလဲတာမျိုးကို ကာကွယ်ချင်တဲ့အခါ သုံးကြပါတယ် ။ Modify လုပ်လို့မရပါဘူး ။

### Readonly property

<figure><img src="/files/keTAxjaxd1aZRWqg7XF0" alt=""><figcaption></figcaption></figure>

Person Type မှာ id property ကို readonly keyword နဲ့ ထိန်းလိုက်တာပါ ။&#x20;

ဒါဆိုရင် id ကို အခြား value တွေနဲ့ modify (ပြုပြင်) လို့ မရတော့ပါဘူး ။&#x20;

အခြား `name` property ကိုတော့ ပြောင်းလဲလို့ ရနိုင်ပါတယ် ။

### Readonly Array

TypeScript မှာ array တွေကိုလည်း readonly keyword နဲ့ push, pop, shift, unshift method တွေကို သုံးလို့မရအောင် ထိန်းနိုင်ပါတယ် ။

<figure><img src="/files/ZoFVA2SMiNijRPHymlO2" alt=""><figcaption></figcaption></figure>
