TS - Unknown & Any

Unknown & Any

let unData : unknown = "hello"; ရေးထုံးနဲ့ unknown Type တွေကို သတ်မှတ် လို့ရပါတယ် ။

let anyData : any = "hello"; ရေးထုံးနဲ့ any Type တွေကို သတ်မှတ် လို့ရပါတယ် ။

Priority Level ကို အရင် ကြည့်ရအောင် ။

unknown နဲ့ any type က Priority Level အမြင့်ဆုံးတွေဖြစ်ပါတယ် ။ ဒီ Type တွေကို သတ်မှတ်ထားတဲ့အခါ အခြားတန်ဖိုးတွေအကုန် လက်ခံနိုင်ပါတယ် ။

Any Type

ဘယ်လို Data type မဆို ကိုင်တွယ်နိုင်တဲ့ Flexible Type ဖြစ်ပါတယ် ။

Strict Type-Checking ကို Disable လုပ်နိုင်စွမ်းရှိပါတယ် ။

any Type ကို တတ်နိုင်သလောက် ရှောင်ပြီး သုံးသင့်ပါတယ် ။ သို့ပေ့မယ် လည်း Legacy JavaScript Code တွေကို Migrate လုပ်တဲ့အခါ ၊ API response ကို Handle လုပ်တဲ့အခါမှာ any Type ကို အသုံးပြုလေ့ ရှိကြပါတယ် ။

Unknown Type

TypeScript မှာ unknown ကို any အစား Type-Safe အနေနဲ့ သုံးကြပါတယ် ။

သူလည်းပဲ အခြား Type အားလုံးကို Assign လုပ်လို့ရပါတယ် ။ သို့ပေ့မယ် any နဲ့ မတူတာက method properties တွေကို တိုက်ရိုက် ယူသုံးလို့ မရတာပဲဖြစ်ပါတယ် ။

Last updated