TypeScript Package Installation
TypeScript ဖိုင် တွေကို Browser , Runtime တွေကနေ တိုက်ရိုက် အလုပ်မလုပ်နိုင်တဲ့အတွက် JavaScript ဖိုင်ကိုပြန်ပြောင်းဖို့ လိုပါတယ် ။ ဒီလို ပြောင်းဖို့အတွက် ပထမဦးစွာ typescript package ကို globally install ပြုလုပ်ပါမယ် ။
Install typescript package
typescript packagenpm i typescript -gtypescript package ကို install လုပ်ပြီးသွားတဲ့အခါ tsc ဆိုတဲ့ command ကို အသုံးပြုလို့ရသွားမှာပါ ။ tsc command က .ts ဖိုင်တွေကို .js ဖိုင်အဖြစ် ပြောင်းလဲပေးနိုင်ပါတယ် ။ ဥပမာ အနေနဲ့ index.ts ဆိုတဲ့ typescript ဖိုင်တစ်ခု ကိုအရင် ပြုလုပ်ပြီး ၊ အောက်ပါ Code ကို Save လိုက်ပါမယ် ။
const age: number = 20;
console.log(age);ဒီ့နောက် Terminal ကိုဖွင့်ပြီး tsc command ကိုရိုက်ပြီး js ဖိုင်ကို ထုတ်ကြည့်ပါ ။
tsc index.tsဒါဆိုရင် ကိုယ့်စက်ထဲမှာ index.js ဆိုပြီး ဖိုင်အသစ်တစ်ခု အောက်က Code အတိုင်း ထွက်လာတာကို တွေ့ရမှာပါ ။ ထူးခြားချက်အနေနဲ့ typescript မှာသုံးခဲ့တဲ့ number type ကိုဖြုတ်ပြီး const နေရာမှာ var ကို ပြောင်းလဲထုတ်ပေးလိုက်တာကို တွေ့ရမှာပါ ။
var age = 20;
console.log(age);အခုလိုပုံစံနဲ့ tsccommand က typescript code တွေကို js code တွေအဖြစ် compile လုပ်ပြီး ပြောင်းလဲပေးပါတယ် ။
Install ts-node package
ts-node packageဒုတိယ package အနေနဲ့ ts-node ကိုလည်း globally install ပြုလုပ်ပါမယ် ။
npm i ts-node -gpackage ကို install လုပ်ပြီးသွားတဲ့အခါ ts-node ဆိုတဲ့ command ကို အသုံးပြုလို့ရသွားမှာပါ ။ ဒီ command က .ts ဖိုင်တွေကို runtime မှာ တိုက်ရိုက် execute လုပ်ပေးနိုင်ပါတယ် ။ .js ဖိုင် မပြောင်းတော့ဘဲ အချိန်ကုန်သက်သာပြီး code debuging လုပ်တဲ့ အခါ သုံးကြပါတယ် ။
Last updated