TS - Omit

Omit ကတော့ Pick ရဲ့ပြောင်းပြန်ပါပဲ ။

Object Type ထဲကနေ ထုတ်ချင်တဲ့ Keys တွေကို ရွေးချယ်ပြီး Type အသစ်ပြုလုပ်ပေးနိုင်ပါတယ် ။

နမူနာ Code ထဲမှာ User ဆိုတဲ့ type ထဲမှာ "id", "name", "about", "address" ဆိုပြီး Property (၄) မျိုးရှိပါတယ် ။

"about", "address" ပဲ User Type ထဲက ထုတ်ပစ်ချင်တယ်ဆိုရင် Omit ကို သုံးပြီး ရေးသားနိုင်ပါတယ် ။

Omit<User, "about" | "address"> ရေးသားနည်းနဲ့ UserSummary ဆိုတဲ့ Type အသစ်ကို ဖန်တီးလိုက်တာပဲဖြစ်ပါတယ် ။

Last updated