TS - Object

ရိုးရိုး JavaScript မှာလိုပဲ Object တစ်ခု Key-Value Pairs တွေနဲ့ တည်ဆောက်ပါတယ်
Object Type ကို ရေးသား ဖို့အတွက် TypeScript မှာ Property နဲ့ ValueType ကို သတ်မှတ်ရေးသားကြပါတယ် ။
Object Type Annotation

const person
ရဲ့နောက်မှာ object type အဖြစ် ဆိုင်ရာ property တွေနဲ့ type တွေ အရင်သတ်မှတ်လိုက်ပါတယ် ။ ပြီးတဲ့နောက်မှာ တန်ဖိုးကို Assign လုပ်လိုက်ပါတယ် ။ အောက်က Code အတိုင်းဖြစ်သွားမှာပါ ။
const person: {
name: string;
age: number;
status: "active" | "inactive";
} = {
name: "Lwin",
age: 28,
status: "active",
};
စာဖတ်သူတို့က property အသစ် isAdmin (boolean) type ထည့်ပေးပါ ။
အဖြေကတော့ အောက်ပါ Code အတိုင်း ရလာမှာဖြစ်ပါတယ် ။
const person: {
name: string;
age: number;
status: "active" | "inactive";
isAdmin: boolean;
} = {
name: "Lwin",
age: 28,
status: "active",
isAdmin: true,
};
Optional Properties

Object ထဲက တချို့ property တွေ မဖြည့်လည်း ရအောင် ?
(question mark) ကို သုံးနိုင်ပါတယ်။
နမူနာ code ထဲမှာ age
, status
ရယ်ကို ?:
သုံးပြီး ရေးသားလိုက်တဲ့အတွက် Assign မထည့်ဘဲ ရေးသားနိုင် သွားပါတယ်။
Last updated