TS - satisfies

TypeScript မှာ satisfies operator က (၂) မျိုးလုပ်ဆောင်ပေးပါတယ် ။

အရင်ဆုံး Target Type နဲ့ Type-Checking လုပ်ပါတယ် ။

ပြီးတဲ့နောက် Type Safe ဖြစ်တဲ့ လုပ်ဆောင်ချက်ကို ထည့်ပေးပါတယ် ။

satisfies ရဲ့ Type-Checking လုပ်ဆောင်ပုံကို အရင်လေ့လာကြည့်ပါမယ် ။

constant variable ဖြစ်တဲ့ user ထဲကို တန်ဖိုးတွေ assign လုပ်ထားပါမယ် ။

သူ့ရဲ့ အနောက်မှာ satisfies operator TargetType ကို ကပ်ပြီးရေးထားတဲ့ ပုံစံဖြစ်ပါတယ် ။

ဘယ်ဘက်ပုံအရ property id အတွက် တန်ဖိုး "100" ဖြစ်ပါတယ် ။ UserType ထဲမှာလည်း id: string ဖြစ်တာကြောင့် Type-Checking မှန်ပါတယ် ။ ဒုတိယ property strOrNo: string | number မှာ strOrNo: "Lwin Moe Paing" မို့လို့ Type-Checking မှန်ပါတယ် ။ ဒါကြောင့် ဘယ်ဘက် Code မှာ Type Checking Pass ဖြစ်သွားပါတယ် ။

ညာဘက် Code မှာ age ဆိုတဲ့ property က User Type ထဲမှာ မရှိပါဘူး ။ ဒါကြောင့် Type-Checking က မှားနေကြောင်း TypeScript Server က Error ပြသွားမှာပါ ။

satisfies operator ရဲ့ Type Safe ဖြစ်တဲ့ လုပ်ဆောင်ချက်ကို ထပ်လေ့လာသွားပါမယ် ။

ဘယ်ဘက် ပုံက User Type ကို satisfies နဲ့ အသုံးပြုထားပါတယ် ။ သူက Type-Checking ပြီးသွားတဲ့ အခါ Type-Safe ဖြစ်အောင်ဆက်လုပ်ပါတယ် ။ နမူနာ Code ထဲမှာ user.strOrNo ဆိုတဲ့ property value က "Lwin Moe Paing" ပါဒါ့ကြောင့် string type ဆိုတာ သေချာသွားပြီလို့ ယူဆလိုက်ပါတယ် ။ user.strOrNo(.) ဆိုပြီး ခဏထားလိုက်တဲ့အခါ string method တွေကိုပဲ TypeScript Server က feedback တွေပေးသွားမှာပါ ။

ညာဘက်ပုံက User Type ကို annotation နည်းနဲ့ တန်ဖိုးကိုထည့်လိုက်ပါတယ် ။ ser.strOrNo(.) ဆိုပြီး ခဏထားလိုက်တဲ့အခါ type က string | number ဖြစ်နေတဲ့အတွက် string နဲ့ number မှာ ဘုံတူတဲ့ method တွေကိုပဲ feedback ပေးသွားမှာပါ ။

ဒါက ရိုးရိုး Type ကိုကြေငြာတာနဲ့ Satisfies ရဲ့ အသုံးပြုပုံ ကွာခြားချက်ပဲ ဖြစ်ပါတယ် ။

Code ရေးသားပုံ အပြည့်အစုံကို လေ့လာကြည့်နိုင်ပါတယ် ။

Last updated