TS - typeof

typeof

typeof ကို JavaScript runtime မှာ သုံးမယ်ဆိုရင် variable ရဲ့ type ကို string အနေနဲ့ return ပြန်ပါမယ်။

TypeScript ရေးသားနည်းမှာ typeof ကို သုံးမယ်ဆိုရင်တော့ variable ရဲ့ Type Structure ကို ပြန်ရမှာဖြစ်ပါတယ် ။

အခု နမူနာ Code ထဲကအတိုင်း typeof user က JavaScript Runtime မှာဆို "object" ဆိုတဲ့ String ကိုရသွားမှာပါ ။

TypeScript ရေးသားနည်းမှာ typeof variable ပုံစံနဲ့ Object Structure ကို CustomType အဖြစ် ပြုလုပ်နိုင်ပါတယ် ။

appConfig Code ကို လေ့လာသွားကြပါမယ် ။

ပထမဆုံး appName နဲ့ env property တွေပါတဲ့ appConfig ဆိုတဲ့ constant variable တည်ဆောက်ထားပါတယ် ။

Custom Type တစ်ခုအဖြစ် ConfigType ကို constant appConfig က တဆင့် typeof appConfig သုံးပြီး ပြုလုပ်လိုက်ပါတယ် ။

အခြား devConfig နဲ့ prodConfig Config Variables တွေအတွက် Reusable Type အဖြစ် အသုံးပြုနိုင်သွားပါပြီ ။

Type တွေကို ကိုယ်တိုင် သတ်မှတ်တာမဟုတ်ဘဲ Variable ဆီက Type ကို ပုံတူပွားတာမျိုး ဖြစ်တဲ့အတွက် အသုံးများပါတယ်။

Custom Type မတည်ဆောက်တော့ပဲ တိုက်ရိုက် variable: typeof otherVariable အခုလိုပုံစံမျိုးနဲ့လည်း ရေးသားတာမျိုး ရှိပါတယ် ။ ဒါက ရိုးရှင်းတဲ့ Type Alias တစ်မျိုးပဲဖြစ်ပါတယ် ။

keyof typeof တွဲရေးခြင်း

ဒါကလည်း အသုံးများတဲ့ ပုံစံလေးဖြစ်ပါတယ် ။

typeof ကို သုံးလိုက်တဲ့အခါ variable ရဲ့ Type Structure ကိုရသွားမှာပါ ။

ပြီးတော့မှ သူ့ရဲ့ အရှေ့မှာ keyof နဲ့ union keys တွေကို ထုတ်ယူလိုက်တာပဲဖြစ်ပါတယ် ။

Last updated