TS - Tuple

Tuple

TypeScript မှာ Tuple ဆိုတာ array တစ်မျိုးပဲဖြစ်ပါတယ် ။

အထူးသဖြင့် ကွဲပြားတဲ့ data type တွေပါဝင်ပြီး ၊ Fix Length အဖြစ် သတ်မှတ်ရပါတယ် ။

အရင်ဆုံး Color Code တွေသတ်မှတ်လို့ရမယ့် RGB (Red, Green, Blue) Color Tuple လေး ပြုလုပ်ကြည့်ရအောင်...

RGB တန်ဖိုးအတွက် Fix Length (၃) နေရာပဲ ယူလိုက်ပါမယ် ။

တန်ဖိုး Type တွေကိုလည်း number ပဲ ထည့်လိုက်ပြီး Color Tuple Type အနေနဲ့ Custom Type သတ်မှတ်ထားတယ် ။

ပြီးနောက် redColor variable ကို ColorTuple အဖြစ် တန်ဖိုး Assign ထည့်ပါမယ် ။

ခုဏက သတ်မှတ်ထားတဲ့အတိုင်း Array Length (၃) နေရာပဲ number type တန်ဖိုးကို ထည့်သွင်းနိုင်မှာပါ ။

အခုဆို စာဖတ်သူက Color Tuple အဖြစ်ဖန်တီးလိုက်နိုင်ပါပြီ ။

Tuple ကို Array Destructuring နည်းလမ်းနဲ့ ယူပြီး Variable တွေကို ပြုလုပ်နိုင်ပါတယ် ။

နမူနာ Code အရ redColor[0] တန်ဖိုးက အနီရောင် တန်ဖိုးဖြစ်မှာပါ ။

Destructuring ရေးသားနည်းနဲ့ index တစ်ခုချင်းဆီကို constant variable သုံးပြီး ၊ red , green, blue variables တွေ တည်ဆောက် အသုံးပြုနိုင်ပါတယ် ။

ဒီတခါ မတူညီတဲ့ Data Type (၃) မျိုးကို ထည့်ပြီး StrBooNum Tuple လေး တည်ဆောက်ထားပါတယ် ။

မိမိ စက်ထဲမှာ စမ်းသပ်ရေးသား ကြည့်ပြီး Console ထုတ်ကြည့်ပါ ။

အခြေခံအားဖြင့် Tuple Type ဆိုတာ ဘာလဲ နားလည်လောက်ပါပြီ ။

React useState hook tuple

လက်တွေ့မှာ အသုံးပြုတဲ့ Tuple Example လေးတစ်ခု ဖော်ပြလိုက်ရပါတယ် ။

စာဖတ်သူတို့က React ကို လေ့လာဖူးတယ်ဆိုရင် React မှာ သုံးထားတဲ့ useState hook ရဲ့ Return type က Tuple ဖြစ်နေတာကို သိနိုင်မှာပါ ။

useState hook ကိုခေါ်လိုက်တဲ့အခါ ကိုယ်ထည့်လိုက်တဲ့ Type တန်ဖိုး နဲ့ function type ကို Array အနေနဲ့ ပြန်ရလာမှာဖြစ်ပါတယ် ။ ဒါဟာ Tuple ပဲဖြစ်ပါတယ် ။

Last updated